အတွေးအမြင်စာစုများ အပိုင်း(၁)
- သူတစ်ပါး၏ အကျိုးကို အပိုင်စီးလျှင် အမျိုးတော်သည့်တိုင် အငြှိုးကြီးတော့၏။
- သူတစ်ပါး၏ အကျိုးကို ဆောင်ရွက်လျှင် အငြှိုးရှိသည့်တိုင် မိတ်ဆွေဖြစ်လာ၏။
- စေတနာအရင်းခံ စကားပြောလျှင် တရားနည်းလမ်း တိကျရမည်။
- စေတနာအရင်းခံဖြင့် အလုပ်လုပ်လျှင် ခွန်အားဗလကြီးစမြဲ။
- အသက်ထင်ရှားရှိစဉ် လူများအတွက် အကျိုးပြုခဲ့လျှင် ကွယ်လွန်ပြီးနောက် လူအများ၏ ရိုသေကြည်ညိုခြင်း ခံရ၏။
- စိတ်ကောင်းစေတနာကို မိမိကိုယ်တိုင် သိဖို့လို၏။ သူတစ်ပါးကို ပြသရန် မလို။
- ကောင်းမှုကုသိုလ်ကို သူတစ်ပါးက ချီးကျူးပါစေ။
- မိမိကိုယ်တိုင် ဂုဏ်မယူပါနှင့်။
မိုးကောင်းကင်