အရီခံရသူ သုံးဦး
မိမိကိုယ်ကို အလိုရှိရာ
ငါပြုနိုင်စွ အစိုးရဟု
မှတ်ကြသူဝယ်
သေမင်းရယ်၏။
အကယ်မာန်ကိုး
မြေနှင့် မိုးကိုး
အုပ်စိုးရသူ
ငါလျှင်ဟူ၍
မှတ်ယူမင်းဝယ်
မြေကြီးရယ်၏။
သက်လှယ်နုထွား
ငါ့မယားက
ဘွားသည့်သည်းချာ
ငါ့သားသာဟု
မှတ်ရှာသူဝယ်
မယားရယ်၏။
(မာန်လည်ဆရာတော်ကြီး၏ ကဗျာအား ထုတ်နုတ်ဖော်ပြပါသည်)
မိုးကောင်းကင်