»
ဓမ္မစကား နေ့တိုင်းကြားက၊ စိတ်ထားဖွေးလက်၊ သိဉာဏ်ထက်၏

Saturday, December 6, 2008

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သြ၀ါဒ

  • လောက၌ လူတိုင်း လူတိုင်းပင် ကျန်းမာချင်ကြသည်။ ချမ်းသာချင်ကြသည်။ စိတ္တသုခ၊ ကာယသုခနှစ်ဖြာ ပြည့်ဝချင်ကြပါသည်။

  • သို့ပါသော်လည်း သူတော်ကောင်း ဆရာသမားများက လမ်းညွှန်ပြသသော ချမ်းသာသုခရစေနိုင်သည့် တရားများကိုဖြင့် မမှီဝဲချင်ကြ၊ မသုံးစွဲချင်ကြပေ။

  • ယင်းချမ်းသာသုခရှိရာသည် ဧကန်အမှန်ပင်ရှိပါသည်။ လမ်းညွှန်ပြတတ်သော ဆရာသမားများလည်း ရှိနေဆဲ ဖြစ်ပါသည်။

  • ထိုအရာကား မအိုခင်၊ မနာခင်၊ မသေခင် ရှာဖွေမှသာ ရရှိနိုင်ပါသည်။

  • အခွင့်အရေးကောင်းတို့မည်သည် အစဉ်အမြဲ ရမနေတတ်ပါချေ။ ထို့ကြောင့် ရနိုင်သော အချိန်အခါကလေးတွင် လက်ဆုပ်လက်ကိုင် ပိုင်ပိုင်နိုင်နိုင်ကြိုးစား ရယူထားကြရန် လိုပါသည်။

မိုးကောင်းကင်

0 ထင်မြင်ချက်များ: