»
ဓမ္မစကား နေ့တိုင်းကြားက၊ စိတ်ထားဖွေးလက်၊ သိဉာဏ်ထက်၏

Tuesday, December 16, 2008

မြန်မာ့ ကျက်သရေ

ရွာဦးကျောင်းက ဆူဆူညံ
ကိုရင်ကျောင်းသား စာကျက်သံ၊

စာသံပေသံ ညံမစဲ
ကျေးရွာကျောင်း၏ အားမာန်ပဲ၊

ရောင်ခြည်ဦးလည်း ထွက်လာပြီ
ကိုရင်လေးများ တန်းသွယ်ညီ၊

ဆွမ်းခံကြွချီ က္ကနြေ္ဒရ
ရွာ၏ ကျက်သရေပ၊

ပိုးပုဝါလေး ပုခုံးတင်
လုံမ ဒါနရှင်၊

ကုသိုလ်ရေးတွင် ရွှင်အားရ
နိစ္စဘတ် မြတ်ဒါန၊

သာသနာနှင့် ဒါယကာ
မြဲစဉ် စောင့်ရှောက်ရာ၊

ညီညာစွာပ သာစေကြောင်း
ရွာဦးစေတီကျောင်း။ ။

(အောင်မြင့်ဦး-ပထ၀ီ ၏ စာမူကို ဖော်ပြပါသည်)


မိုးကောင်းကင်

ဆက်ဖတ်ရန်...

Saturday, December 13, 2008

တစ်ဖန်ပြန်၍

လှူသင့် လှူအင်
မြတ်သောပစ္စည်း၊ လှူဒါန်းစေ
မြတ်သောပစ္စည်း တစ်ဖန်ပြန်ရလိမ့်
ဗုဒ္ဓအမိန့်ပေ။

အချီးအနှီး မဖြစ်ပေ
အသစ်ဝေ ကောင်းကျိုးပွား
အေးငြိမ်းရာ ခေမာမှန်းလို့ရယ်
လှူဒါန်းစို့လား။

(ကန့်ဘလူဖြူစင်ဝင်း၏ စာမူကို ဖော်ပြသည်)

မိုးကောင်းကင်

ဆက်ဖတ်ရန်...

Saturday, December 6, 2008

မိုးကုတ်ဆရာတော်ဘုရားကြီး၏ သြ၀ါဒ

  • လောက၌ လူတိုင်း လူတိုင်းပင် ကျန်းမာချင်ကြသည်။ ချမ်းသာချင်ကြသည်။ စိတ္တသုခ၊ ကာယသုခနှစ်ဖြာ ပြည့်ဝချင်ကြပါသည်။

  • သို့ပါသော်လည်း သူတော်ကောင်း ဆရာသမားများက လမ်းညွှန်ပြသသော ချမ်းသာသုခရစေနိုင်သည့် တရားများကိုဖြင့် မမှီဝဲချင်ကြ၊ မသုံးစွဲချင်ကြပေ။

  • ယင်းချမ်းသာသုခရှိရာသည် ဧကန်အမှန်ပင်ရှိပါသည်။ လမ်းညွှန်ပြတတ်သော ဆရာသမားများလည်း ရှိနေဆဲ ဖြစ်ပါသည်။

  • ထိုအရာကား မအိုခင်၊ မနာခင်၊ မသေခင် ရှာဖွေမှသာ ရရှိနိုင်ပါသည်။

  • အခွင့်အရေးကောင်းတို့မည်သည် အစဉ်အမြဲ ရမနေတတ်ပါချေ။ ထို့ကြောင့် ရနိုင်သော အချိန်အခါကလေးတွင် လက်ဆုပ်လက်ကိုင် ပိုင်ပိုင်နိုင်နိုင်ကြိုးစား ရယူထားကြရန် လိုပါသည်။

မိုးကောင်းကင်

ဆက်ဖတ်ရန်...

မဟာဂန္ဓာရုံကျောင်းတိုက်၏ စည်းမျဉ်း(၁၀)ချက်

(၁) စိတ်ကောင်းရှိဖို့က ----------- ပထမ
(၂) ၀ိနည်းလေးစားဖို့က ---------- ဒုတိယ
(၃) ကျန်းမာဖို့က ---------------- တတိယ
(၄) သန့်ရှင်းဖို့က ---------------- စတုတ္ထ
(၅) အ၀တ်အစားတတ်ဖို့က ------- ပဉ္စမ
(၆) အနေအထိုင်တတ်ဖို့က ------- ဆဌမ
(၇) အပြောအဆိုတတ်ဖို့က ------- သတ္တမ
(၈) အသွားအလာတတ်ဖို့က ------ အဌမ
(၉) စည်းကမ်းလိုက်နာဖို့က ------- န၀မ
(၁၀) စာတတ်ဖို့က -------------- ဒသမ


မိုးကောင်းကင်

ဆက်ဖတ်ရန်...

တရားစာအုပ်များ စုစည်းတင်ပြခြင်း(၂)

(၁) ဆရာတော်ဓမ္မဒူတ အရှင်ဆေကိန္ဒ၏ ၀ိပဿနာတရားသင်တန်း အမေးအဖြေစာအုပ်
(၂) ဆရာတော်ဓမ္မဒူတ အရှင်ဆေကိန္ဒ၏ မရှိမဖြစ်တဲ့ စင်ကြယ်ခြင်းစာအုပ်
(၃) ဆရာတော်ဓမ္မဒူတ အရှင်ဆေကိန္ဒ၏ ၀ိပဿနာအလုပ်အနှစ်ချုပ်စာအုပ်
(၄) ဆရာတော်ဓမ္မဒူတ အရှင်ပညိဿရ၏ အပါယ်တံခါး ပိတ်ထားကြစို့စာအုပ်
(၅) ဆရာတော်ဓမ္မဒူတ အရှင်ပညိဿရ၏ တရားမရခြင်း အကြောင်းရင်းစာအုပ်


မိုးကောင်းကင်

ဆက်ဖတ်ရန်...