»
ဓမ္မစကား နေ့တိုင်းကြားက၊ စိတ်ထားဖွေးလက်၊ သိဉာဏ်ထက်၏

Wednesday, May 28, 2008

အမေနဲ့ သား အပြန်အလှန်ပြောဆိုခြင်း

ဆွမ်းအုပ်နီနီ အမေရွက်လို့၊
နက်ဖြန်မနက် ကျောင်းထွက်မယ်။

မောင်လဲလိုက်မယ် ချန်မထားနဲ့
အမေသွားတော့ ပျင်းလှတယ်။

ကျောင်းကြီးပေါ်မှာ
မောင်ငယ်ဆော့တော့
ဘုန်းကြီးအော်လို့ ရိုက်လိမ့်မယ်။

မောင်မဆော့ပါ စိတ်ပုတီးနဲ့၊
ဘုန်းတော်ကြီးလို နေပါ့မယ်။
လိုက်မယ် .... လိုက်မယ်။

(ဆရာကြီးမင်းသုဝဏ်၏ ကဗျာလေးအား ဖော်ပြပါသည်။)


မိုးကောင်းကင်

0 ထင်မြင်ချက်များ: