ဒိဌိသက္ကာ အမြန်ခွာ
ရင်ဝမှာလျှင်
လှန်စူးဝင်သော်
လျင်မြန်ဆောစွာ
ဆွဲနှုတ်ရာသို့။
ဦးခေါင်းထက်မှာ
မီးလောင်လာသော်
လျင်စွာမီးအား
ငြိမ်းသတ်လားသို့။
သံသရာဝယ်
လွန်ကြောက်ဖွယ်တည့်
အပါယ်ရောက်အောင်
ပို့ဆောင်နိုင်ဘိ
ဒိဌိသက္ကာ
အမြန်ခွာဘို့
ပြင်းစွာအားထုတ်ရာသတည်း။ ... ။
(ဘုတလင်ဦးမာဃ၏ ကဗျာကို ဖော်ပြပါသည်။)
မိုးကောင်းကင်
0 ထင်မြင်ချက်များ:
Post a Comment