»
ဓမ္မစကား နေ့တိုင်းကြားက၊ စိတ်ထားဖွေးလက်၊ သိဉာဏ်ထက်၏

Tuesday, May 20, 2008

မုန်းကြဖို့ ချိန်တန်ပြီ

လောကီဘုံအာရုံများကိုလ
မျောမကုန် သင်ခံစားချင်ပါ့
သောကဘုံအပါယ်လားပေလိမ့်
မမှားကြဖို့ သတိယှဉ်၊
သိအမြင်ထွေပြားလျှင်ဖြင့်
နေ့မခြားနစ်ဖို့ပင်။

ခွင့်သာခိုက်မို့ လိုက်စေချင်
စရိုက်အိုတွင် မွေ့လျှင်ရှုံး၊
မုန်းကြဖို့ ချိန်တန်ပြီမို့
ဇိမ်ခံကာ လောဘကြီးလျှင်ဖြင့်
သောကမီး တစ်ရှိန်ရှိန်နှင့်
အပါယ်အိမ် မပြန်လမ်းကို
မှန်း၍ ကြောက်ဦး(အုံး)။ ။


(သာထွန်းပြန့်ဓမ္မစာစောင် မှ စာရေးဆရာ ကိုသိန်းဆွေ(ဆင်စွယ်)၏ ကဗျာကို ဖော်ပြပါသည်။)

မိုးကောင်းကင်

0 ထင်မြင်ချက်များ: