»
ဓမ္မစကား နေ့တိုင်းကြားက၊ စိတ်ထားဖွေးလက်၊ သိဉာဏ်ထက်၏

Wednesday, May 28, 2008

ဝိပဿနာတရားသင်တန်း အမေးအဖြေများ

မေး- ကြာကြာထိုင်နိုင်မှ တရားရပါသလား။
ဖြေ- တရားအားထုတ်တဲ့ အသိုင်းအ၀ိုင်းမှာ ကြာကြာထိုင်နိုင်မှ တရားရတယ်ဆိုတဲ့ အစွဲက ကြီးလွန်းပါတယ်။ တရားဆိုတာ ကောင်းကျိုး ချမ်းသာရစေနိုင်တဲ့ ကုသိုလ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ ကုသိုလ်မျိုးစုံနဲ့ ဆိုင်တာပေါ့။
ဒါနကုသိုလ် အလှူပေးတဲ့အခါ ထိုင်တဲ့အမူအရာနဲ့သာ အလှူပေးရမယ်လို့ သတ်မှတ် မထားပါဘူး။ သီလ ကုသိုလ်လည်း ထိုင်နေပြီးတော့သာ စောင့်ထိန်းရမယ့်လို့ မဆိုပါဘူး။ သမထ၀ိပဿနာနဲ့ ပတ်သက်လို့လည်း စဉ်းစားကြဖို့ ကောင်းတယ်။
သမထ၀ိပဿနာနဲ့ ပတ်သက်လို့ ကုသိုလ်ကို ပွားများရင် သွားရင်း၊ ရပ်ရင်း၊ ထိုင်ရင်း၊ လျောင်းရင်း ပွားများလို့ ရပါတယ်လို့ ဘုရားရှင်က မိန့်တော်မူတယ်။ တကယ် လက်တွေ့မှာလည်း ပွားများလို့ ရတာပါပဲ။ ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ စတဲ့ သမထကမ္မဋ္ဌာန်း တွေဟာလည်း က္ကရိယာပုတ် အမူအရာမျိုးစုံနဲ့ ပွားများလို့ ရပါတယ်။
ကသိုဏ်းဆယ်ပါး အားထုတ်ရာမှာတော့ (ပဋိဘာဂနိမိတ်) အပြင်အာရုံနဲ့ မိမိစိတ်ထဲမှာ ထင်တဲ့အာရုံ၊ ထပ်တူထပ်မျှ သဘောဆောင်တဲ့ ကသိုဏ်းနိမိတ်ဟာ စိတ်ထဲခိုင်မြဲအောင် မထင်ရှားသေးခင် အချိန်ခဏမှာ ထိုင်က္ကရိယာပုတ်ကို မပြောင်းပြင်ဘဲ နေပေးရပါတယ်။ ပြောင်းရွှေ့လိုက်ရင် ပဋိဘာဂနိမိတ်ထင်ဖို့ မလွယ်ဘူး။ ပျက်လည်း ပျက်တ်လို့ပေါ့။ ဒီနိမိတ်ထင်ရှားရင် ထသွားလို့ ရပါပြီ။ သထမ အားထုတ်ရာမှာ မထရ၊ မရွှေ့ရဆိုတာ အချိန်အတိုင်းအတာ တစ်ခဏလောက်သာပါ။


ဝိပဿနာ တရားအတွက်ကတော့သွားရင် သွားမှန်းသိ။ ရပ်ရင် ရပ်မှန်းသိ၊ ကျင်ကြီးကျင်ငယ် စွန့်ရင်လည်း စွန့်မှန်းသိလို့ ဘုရားရှင်က မိန့်တော်မူထားပါတယ်။ အထိုင်ကြာမှ တရားရတယ်ဆိုတဲ့ အစွဲကြီးကိုတော့ သေသေချာချာ စဉ်းစားကြဖို့ ကောင်းတယ်။
ဘာဝနာတရားအားထုတ်ရာမှာ ထိုင်တဲ့ အမူအရာ က္ကရိယာပုတ်က အားမထုတ် တတ်သေးတဲ့ သူတွေအတွက် အခြေခံအစ သင့်တော်လို့ ညွှန့်ပြတဲ့ စကားပါ။ နိရောဓ သမာပတ်၊ ဖလသမာပတ် ၀င်စားတော်မူကြတဲ့ အရိယာ ပုဂ္ဂိုလ်ကြီးတွေ အတွက်တော့လည်း ကြာကြာထိုင်ကြတယ်ဆိုတာ ဟုတ်ပါတယ်။ ချုပ်ငြိမ်းမှုချမ်းသာ ဖိုလ်ချမ်းသာ တွေကို ခံစားဖို့ စိတ်ရဲ့ အဓိဌာန်သဘောနဲ့ နေကြတာပါ။

အဓိကအားဖြင့် ၀ိပဿနာ အသိဥာဏ် ရအောင် အားထုတ်နေတဲ့ သူတွေအတွက် ရုပ်နာမ် ပရမတ်အာရုံကို ကြည့်နေရပါတယ်။ ရုပ်နာမ်အာရုံ ဆိုတာက ထိုင်နေနေ၊ ရပ်နေနေ၊ သွားနေနေ၊ သဘောတရား မပြောင်းလဲပါဘူး။ အမူအရာ ကိုယ်ကောင်ကြီးသာ ပြောင်းလဲ တာပါ။

ကြာကြာထိုင် နေပြီး အာရုံတခြား စိတ်ကသွားနေမယ်၊ ရောက်နေမယ်၊ ထိုင်နေရင်း အိပ်ပျော်နေမယ်၊ အသိလွတ်ပြီး မှိန်းနေမယ် ဆိုရင်တော့ ၀ိပဿနာ တရား မဖြစ်ပါဘူး။ အလကားပါပဲ။

ဒါ့ကြောင့် ကြာကြာထိုင်တာနဲ့ တရားရတာနဲ့ မဆိုင်ပါဘူး။ အသိဥာဏ်တိုးတက် မြင့်မားတာသာ တရားနဲ့ ဆိုင်ပါတယ်။

(သာထွန်းပြန့်ဓမ္မစာစောင်မှ ဓမ္မဒူတ အရှင်ဆေကိန္ဒ၏ အဖြေများကို ဖော်ပြပါသည်။)

မိုးကောင်းကင်

ဆက်ဖတ်ရန်...

အမေနဲ့ သား အပြန်အလှန်ပြောဆိုခြင်း

ဆွမ်းအုပ်နီနီ အမေရွက်လို့၊
နက်ဖြန်မနက် ကျောင်းထွက်မယ်။

မောင်လဲလိုက်မယ် ချန်မထားနဲ့
အမေသွားတော့ ပျင်းလှတယ်။

ကျောင်းကြီးပေါ်မှာ
မောင်ငယ်ဆော့တော့
ဘုန်းကြီးအော်လို့ ရိုက်လိမ့်မယ်။

မောင်မဆော့ပါ စိတ်ပုတီးနဲ့၊
ဘုန်းတော်ကြီးလို နေပါ့မယ်။
လိုက်မယ် .... လိုက်မယ်။

(ဆရာကြီးမင်းသုဝဏ်၏ ကဗျာလေးအား ဖော်ပြပါသည်။)


မိုးကောင်းကင်

ဆက်ဖတ်ရန်...

Saturday, May 24, 2008

ပွင့်မြမွှေးပြုံးလှဆုံးပန်း

ကိုယ်ပေးသည်သာ ကိုယ်ရပါမည်
သံသရာတစ်ပတ်လည်မှုသာ။

အကုသိုလ်ကံ နောက်လိုက်ပြန်သည်
ဆက်ဆံအလှည့် ကြုံမည်သာ။

မြတ်ကုသိုလ်ကံ တစ်လှည့်ပြန်၏
လက်ခံအရိပ် ကျမည်သာ။

ကိုယ်စွမ်းသမျှ
ကာယခွန်အား မြတ်စိတ်ထားဖြင့်
ပေးကားတစ်နည်း မေတ္တာကြီးစွ
ပို့သဘာဝနာ မျှဝေပါလျှင်
ချမ်းသာကိုယ့်မှာ သတ္တ၀ါရွှင်လန်း
ပွင့်သောပန်းနှင့်
တင့်ဆန်းမွှေးမြသက်လုံးတကား။ ... ။

(သာထွန်းပြန့်ဓမ္မစာစောင်မှ မောင်သဲခေါင်၏ ကဗျာကို ဖော်ပြပါသည်။)

မိုးကောင်းကင်

ဆက်ဖတ်ရန်...

Tuesday, May 20, 2008

They Fall Off

They fall off
Flower, fruits, buds.

Some are tender and fresh,
Some still awaiting maturity,
Some are ripe,
Some shaken off by wind,
Some struck by rain.

Some are plucked,
Others insect-eaten.

Some rot and fall off for no apparent reason.
They fall off by day, by night, in the morning.


ကြွေ

ဖူးကြွေ ပွင့်ကြွေ
အကင်းကြွေနှင့်
နုကြွေ ရင့်ကြွေ
အမှည့်ကြွေတို့
လေကြွေ မိုးကြွေ
ပိုးကိုက်ကြွေ၍
ခူးကြွေ ပုပ်ကြွေ
ထိုထိုကြွေသည်
နေ့ကြွေ ညကြွေ နံနက်ကြွေ ။ ။

(သာထွန်းပြန့်ဓမ္မစာစောင်မှ အရှင်နိမ္မလ၏ ကဗျာကို ဖော်ပြပါသည်။)

မိုးကောင်းကင်

ဆက်ဖတ်ရန်...

မုန်းကြဖို့ ချိန်တန်ပြီ

လောကီဘုံအာရုံများကိုလ
မျောမကုန် သင်ခံစားချင်ပါ့
သောကဘုံအပါယ်လားပေလိမ့်
မမှားကြဖို့ သတိယှဉ်၊
သိအမြင်ထွေပြားလျှင်ဖြင့်
နေ့မခြားနစ်ဖို့ပင်။

ခွင့်သာခိုက်မို့ လိုက်စေချင်
စရိုက်အိုတွင် မွေ့လျှင်ရှုံး၊
မုန်းကြဖို့ ချိန်တန်ပြီမို့
ဇိမ်ခံကာ လောဘကြီးလျှင်ဖြင့်
သောကမီး တစ်ရှိန်ရှိန်နှင့်
အပါယ်အိမ် မပြန်လမ်းကို
မှန်း၍ ကြောက်ဦး(အုံး)။ ။


(သာထွန်းပြန့်ဓမ္မစာစောင် မှ စာရေးဆရာ ကိုသိန်းဆွေ(ဆင်စွယ်)၏ ကဗျာကို ဖော်ပြပါသည်။)

မိုးကောင်းကင်

ဆက်ဖတ်ရန်...

ကျေးဇူးဆပ်ကြစို့လား

လောကကို ကြည့်ဖို့ရန် အလင်းရောင်ကို စတင်ထွန်းညှိပေးသူမှာ မြတ်စွာဘုရားဖြစ်ပါသည်။ မြတ်စွာဘုရားသည် ၄၅ နှစ်တိုင်တိုင် အလင်းရောင်ကို ထွန်းညှိပေးတော်မူပြီး ပရိနိဗ္ဗာန်ပြုသွားခဲ့လေသည်။
ထိုအလင်းရောင်သည် မှေးမှိန်အံ့သကဲ့သို့ ဖြစ်လေသည်။ အကယ်၍သာ အလင်းရောင်သည် မှေးမှိန်ရုံသာမက လုံးဝချုပ်ငြိမ်းသွားခဲ့ပါလျှင် လောကသည် အမိုက်အမှောင် အတိ ပြန်လည်၍ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် မြတ်စွာဘုရား ထွန်းညှိပေး တော်မူခဲ့သော အလင်းရောင် မငြိမ်းပါစိမ့်သောငှာ အရှင်မဟာကဿပ အမှူးပြုသော ရဟန္တာမထေရ်ကြီးများသည် ပထမသင်္ဂါယနာ တင်သောအားဖြင့် ဆီဖြည့်တော် မူခဲ့ပါသည်။ ထိုကြောင့် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြု တော်မူပြီးနောက် ထွန်းညှိပေးတော်မူခဲ့သော အလင်းရောင်သည် မငြိမ်းခြင်း ဖြစ်သည်။ အရှင်မဟာကဿပ အမှူးပြုသော သံဃာတော်များ၏ ကျေးဇူးကား ကြီးမားလှပါသည်။ ထိုကြီးမားလှသော ကျေးဇူးကို သိဖို့လည်း လိုပါသည်။ ပြန်ဆပ်ဖို့လည်း လိုပါသည်။
ဤနေရာ၌ ကျေးဇူးဆပ်ခြင်းဟူသည် လောကကို ပိဋကတ်စာပေ အလင်းရောင်ဖြင့် ကြည့်ခြင်းဖြစ်ပါသည်။ ပိဋကတ်စာပေ အလင်းရောင်ဖြင့် လောကကိုကြည့်သောအခါ အသိမှားယွင်းမှု “အဓမ္မ” သဘောကို မြင်လာမည် ဖြစ်ပါသည်။ ထိုအခါ မှားယွင်းမှု အဓမ္မသဘောကို ရှောင်ရှား၍ အသိမှန်ကန်မှု ဓမ္မသဘောကို ဆောင်လာမည် ဖြစ်ပါသည်။
ထို့အပြင် ကိုယ်ကျင့်သိက္ခာပျက်ပြားမှု အ၀ိနယသဘောကိုလည်းကောင်း ကိုယ်ကျင့်သိက္ခာ ဖြူစင်မှု “၀ိနယ” သဘောကို လည်းကောင်း မြင်လာမည် ဖြစ်ပါသည်။ ထိုအခါ ကိုယ်ကျင့်သိက္ခာ ပျက်ပြားမှု “၀ိနယ” သဘောကို ရှောင်၍ ကိုယ်ကျင့်သိက္ခာဖြူစင် မြင့်မြတ်မှု “၀ိနယ” သဘောကို ဆောင်လာမည် ဖြစ်ပါသည်။
ဤသို့ ဖြစ်လာမှ သံဃာတော်များအား ကျေးဇူးဆပ်ရာ ရောက်မည် ဖြစ်သည့်အပြင် လောကအတွက် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင်တိုင် အနစ်နာခံတော် မူခဲ့သော မြတ်စွာဘုရားအားလည်း ကျေးဇူးဆပ်ရာ ရောက်မည် ဖြစ်ပါသည်။

(သာထွန်းပြန့် ဓမ္မစာစောင်မှ ဖော်ပြသည်။)

မိုးကောင်းကင်

ဆက်ဖတ်ရန်...

ဒိဌိသက္ကာ အမြန်ခွာ

ရင်ဝမှာလျှင်
လှန်စူးဝင်သော်
လျင်မြန်ဆောစွာ
ဆွဲနှုတ်ရာသို့။

ဦးခေါင်းထက်မှာ
မီးလောင်လာသော်
လျင်စွာမီးအား
ငြိမ်းသတ်လားသို့။

သံသရာဝယ်
လွန်ကြောက်ဖွယ်တည့်
အပါယ်ရောက်အောင်
ပို့ဆောင်နိုင်ဘိ
ဒိဌိသက္ကာ
အမြန်ခွာဘို့
ပြင်းစွာအားထုတ်ရာသတည်း။ ... ။

(ဘုတလင်ဦးမာဃ၏ ကဗျာကို ဖော်ပြပါသည်။)

မိုးကောင်းကင်

ဆက်ဖတ်ရန်...

Monday, May 19, 2008

အတူသွား အတူစားကာ

အတူသွား အတူစားကာ

ပျော်ပါးခဲ့ဘူးတာ ပြန်တွေးလိုက်တိုင်း မင်းနားနား ရှိနေတာ

ဆက်ဖတ်ရန်...