»
ဓမ္မစကား နေ့တိုင်းကြားက၊ စိတ်ထားဖွေးလက်၊ သိဉာဏ်ထက်၏

Thursday, July 3, 2008

အတွေးအမြင်စာစုများ အပိုင်း(၁)

  • သူတစ်ပါး၏ အကျိုးကို အပိုင်စီးလျှင် အမျိုးတော်သည့်တိုင် အငြှိုးကြီးတော့၏။
  • သူတစ်ပါး၏ အကျိုးကို ဆောင်ရွက်လျှင် အငြှိုးရှိသည့်တိုင် မိတ်ဆွေဖြစ်လာ၏။

  • စေတနာအရင်းခံ စကားပြောလျှင် တရားနည်းလမ်း တိကျရမည်။
  • စေတနာအရင်းခံဖြင့် အလုပ်လုပ်လျှင် ခွန်အားဗလကြီးစမြဲ။

  • အသက်ထင်ရှားရှိစဉ် လူများအတွက် အကျိုးပြုခဲ့လျှင် ကွယ်လွန်ပြီးနောက် လူအများ၏ ရိုသေကြည်ညိုခြင်း ခံရ၏။
  • စိတ်ကောင်းစေတနာကို မိမိကိုယ်တိုင် သိဖို့လို၏။ သူတစ်ပါးကို ပြသရန် မလို။

  • ကောင်းမှုကုသိုလ်ကို သူတစ်ပါးက ချီးကျူးပါစေ။
  • မိမိကိုယ်တိုင် ဂုဏ်မယူပါနှင့်။

မိုးကောင်းကင်

ဆက်ဖတ်ရန်...